မရိုးနိုင်သော ဆင်ခြေ.. ဆင်လက်.. ဆင်ကိုယ်များ....

>> Monday, April 7, 2008

မိတ်ဆွေကြီး ငယ်များရှင်.. အဲ.. ဗျာ...
မီးလျှံမှနေပြီး.. မရိုးနိုင်သော ဆင်ခြေများဖြင့် ယခုတဖန် ထပ်မံတောင်းပန်ပါဦးမည်။ မြန်မာ့ရိုးရာ အတာသင်္ကြန်နီးပြီဖြစ်သောကြောင့် ရုံးပိတ်ရက်လည်း နီးလာပါပြီ။ သို့ပေမယ့် အလုပ်များမှာ သင်္ကြန်ရုံးပိတ်ရက်လို ရပ်နားခြင်း.. ပိတ်ခြင်းမရှိသောကြောင့် ယခုအချိန်အတွင်း လုပ်ရမည့် အလုပ်ကိစ္စများနှင့် ထိုရုံးပိတ်ရက်များတွင် လုပ်ရမည့်အလုပ်များ စုပေါင်း၍ စုပြုံလုပ်ဆောင်နေပါသဖြင့် မိမိ၏ သနားစရာကောင်းသော ဘလော့ကို အချိန်ပေးရန် တဖန်ပြန်၍ ခေတ္တရပ်ဆိုင်းထားပါသဖြင့် post အသစ်များကို စနေ၊ တနင်္ဂနွေရုံးပိတ်ချိန်တွင်ပင် မတင်နိုင်သေးပါ။ ထို့အတွက်ကြောင့် လာလည်သူ မိတ်ဆွေများအား အလွန်ပင် မျက်နှာပူလှပါသည်။ အဲ.. ဘလော့ပူလှပါသည်။ (မျက်နှာမတွေ့ ရဘူးဆိုတော့)။ အမှန်တကယ်.. မိုးကြိုးပစ်ချ (လွဲပါစေ) ကျိန်ရဲပါသည်။ မထင်မရှားလေး.. လူသိများလှတဲ့ (နှစ်ယောက်နှင့် တပိုင်း မိတ်ဆွေများ) မီးလျှံဘလော့သို့ အလည်လာသူများ လျော့နည်းသွားမည်ကိုလည်း စိုးရိမ်မကင်း ဖြစ်မိပါသည်။ သို့သော် အခြေအနေအကြောင်းကြောင်းကြောင့် ဧကန်မုချ အမှန်တကယ်ပင် အချိန်မရသေးပါသဖြင့်၊ အိမ်မှာဆိုလျှင်လည်း မူးလို့ရှူစရာ ကွန်ပြူတာ အစုတ်မပြောနှင့် ကွန်နှင့်စသည့် ပစ္စည်းပင် မရှိပါသဖြင့်.. အလုပ်ချိန်အတွင်း post အသစ်အတွက် ခိုးပြီး အချိန်ပေးမည်ဆိုလျှင် မလုပ်မပြီးလျှင် မလွဲမသွေ သူခိုးမိမှာပဲဖြစ်သဖြင့်.. စသည့်စသည့် လက်တွေ့ ဆန်လှသည့် သက်သေအထောက်အထားများကြောင့် အလည်လာသူ မိတ်ဆွေများအနေဖြင့် မီးလျှံဘလော့အား နားလည်ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံပါသည်။

မှတ်ချက်။ ။ မည်သည့်အကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် အချိန်ရလျှင်တော့ အလည်တခေါက် အလည်လာသွားစေချင်ပါသည်။ (အမြဲတမ်း လာချောင်းလှည့်ပါရှင်.. ဗျာ)




လေးစားလျှက်
မီးလျှံ

0 comments:

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP