အလည်လာသူများရှင်ဗျာ...

>> Friday, March 21, 2008

အလည်လာသူ မိတ်ဆွေများ ခင်ဗျာ... အဲ.. ရှင်.. (မှတ်ချက်။ ခင်ဗျာနဲ့ရှင် ဘယ်အခုသုံးမလဲ သေချာမဆုံးဖြတ်ရသေးပါ)။ မိမိဟာ ဘလော့ဂါအစစ်မဟုတ်ပါ။ ၀ါသနာအလျောက် ဘလော့ကိုလုပ်ထားပြီး မိမိ၏ post များကို အားသည့်အချိန်တွင် ရေးတင်နေခြင်းဖြစ်ပါတယ်။ အလုပ်အချိန်မှာ တခါတလေ ခိုးလုပ်လို့သာ အခုလို post တပုဒ်စ နှစ်ပုဒ်စ တွေ့ နေရတာဖြစ်ပါတယ်။ ကြာကြာ ဒီလိုမျိုး ဆက်သွားမယ်ဆိုရင်တော့ အလုပ်ပြုတ်ကိန်းမရှိရင်တောင် အလုပ်အတွက် သိပ်အဆင်မပြေ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မိမိဟာ ဘယ်လောက်အရှုပ်လုပ်လဲဆိုရင် စနေ တနင်္ဂနွေတောင် တခါတလေ မအားရပါဘူး။ ဒါပေမယ့်နောက်ပိုင်းဆိုရင် post အသစ်ကို စနေ တနင်္ဂနွေမှာသာ တင်နိုင်မှာဖြစ်ပါတယ်။ သတင်းကိုလည်း နောက်ပိုင်း တင်သွားဖို့ရှိပါတယ်။ အခုလောလောဆယ်တော့ အလုပ်အကြွေးလေး မကျေသေးတဲ့အတွက် post အသစ် မတင်နိုင်သေးပါဘူး။ လာလည်သူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်လည်း အချိန်ရှိမယ်ဆိုရင် အလည်တခေါက် ပြန်လာဖို့လည်း ဖိတ်ခေါ်ပါတယ်။ အကြံဥာဏ်များလည်း အပြုသဘောဆောင် ပွင့်ပွင့်လင်းလင်းပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်ဗျာ။

လေးစားလျှက်
မီးလျှံ




0 comments:

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP