ဆန့်ကျင်ဘက်
>> Saturday, March 22, 2008

 သူ့ မျက်ဝန်းမှာ .. မျက်ရည်တွေ...
ငါ့မျက်ဝန်းမှာလည်း မျက်ရည်တွေ..။
သူက ဆုံးရှုံးမှုတခုအတွက် ကြေကွဲနေတာ..
ဒါပေမယ့်
ငါ့မျက်ရည်က လွတ်မြောက်မှုတခုအတွက် ၀မ်းသာမျက်ရည်။
သူက ငါ့ကို အမှတ်တရအဖြစ် 
ငါ့လက်ကို နမ်းဖို့ကြိုးစားတယ်..။
ငါက သူ့ လက်ကိုပြန်ကိုင်ပြီး 
ထာဝရ လက်ဆွဲနှုတ်ဆက်လိုက်တယ်..။
နင်ဟာ နင့်အတ္တကို အခုထိ မရုပ်သိမ်းနိုင်သလို
ငါလည်း ငါ့လွတ်မြောက်မှုအတွက် 
မရရအောင် ရုန်းထွက်နေမှာပဲ..။
နောက်ဆုံးအနေနဲ့ တခုလေး ပြောပါရစေ..
ဘာဘဲဖြစ်ဖြစ်.. ငါ့ကို ခွင့်လွတ်ပါတော့....။
 
 
0 comments:
Post a Comment