အနူးအညွတ်တောင်းပန်စာ

>> Tuesday, March 18, 2008

မိမိဘလော့တွင် အရေးအခင်းပုံများနှင့် အခြားပုံများကို အင်တာနက်မှရှာဖွေ၍ ယူသုံးထားခြင်းများ ရှိပါသည်။ သေချာတာကတော့ မိမိ၏ ကိုယ်ပိုင်ပုံဟူ၍ မရှိပါ။ Copyright ကို နားမလည်၍မဟုတ်ပါ။ သို့သော် မိမိ၏ဘလော့သည် Non-profit အမျိုးအစားတွင်ပါခြင်း၊ အရေးအခင်းနှင့်ပတ်သက်၍ မိမိလက်လှမ်းမီသလောက် မြန်မာနိုင်ငံသားများကို အသိပေးဖော်ပြရန် ဤတနည်းသာ သိရှိသေးခြင်းနှင့် ဓါတ်ပုံများမှာ အင်တာနက်တွင် ပြန့်ကျဲနေပြီးသားဖြစ်၍ မည်သူ့ မူပိုင်ဓာတ်ပုံမှန်းမသိ၍ မည်သူ့ ဆီမှာ ခွင့်တောင်းရမှန်းလည်း မသိသောကြောင့်အချို့ ဓာတ်ပုံများကို မေးမြန်းခွင့်တောင်းခြင်းမရှိဘဲ ယူသုံးထားပါသည်။ ထိုအတွက်လည်း ပိုင်ရှင်များအား အနူးအညွတ် တောင်းပန်အပ်ပါသည်။ အကယ်၍ ပိုင်ရှင်ပေါ်ပြီး ဤကဲ့သို့ အသုံးပြုခြင်းကို ကြိုက်နှစ်သက်မှု မရှိပါက မိမိဘလော့တွင် ချက်ချင်း အကြောင်းပြန်သတိပေးနိုင်ပါသည်။


လေးစားလျှက်
မီးလျှံကမ္ဘာ

0 comments:

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP