သူ

>> Tuesday, March 18, 2008

မျက်စိရှေ့ မှာဘဲ.. ကားတစီးထွက်သွားတယ်... ဟော... တခန်းထဲထိုင်နေတဲ့ သူငယ်ချင်းတယောက်လည်း ထထွက်သွားပြန်ပြီ... သေချာတော့ ဘာကိုမှ မမြင်ရဘူး... အမြင်အာရုံကလည်း သူတို့ဆီမှာရှိမနေဘူး... ဟင်း... အခုချိန် သူရော.. ဘာတွေလုပ်နေမလဲ...။ တကယ်တော့ ဒီအကြောင်းတွေ ပြန်မစဉ်းစားတာ အကောင်းဆုံးပါ။ ဒါပေမယ့် ဦးနှောက်ထဲမှာ အခုတလော.. သူ့ အကြောင်းကဘဲ နေရာယူနေတယ်...။

တယောက်ယောက် ကိုယ့်စိတ်.. ကိုယ့်ရင်ထဲမှာ စိုးမိုးနေပြီဆိုရင် ဒါဟာ အချစ်ဘဲလို့.. သူများတွေပြောတာတော့ ကြားဖူးပါတယ်....။
မဖြစ်နိုင်ဘူးလို့ထင်ပါတယ်...။ အဲဒီလိုဖြစ်ပြီဆိုရင် ပထမအဆင့်အနေနဲ့ စွဲလမ်းတာဘဲရှိဦးမှာပါ...
ဒါပေမယ့်.. နေပါဦး.. ကိုယ့်ကိုယ်ကို ပြန်စဉ်းစားဦးမယ်... မေးကြည့်မယ်..
ငါသူ့ ကို ချစ်နေပြီလား?....
မဖြစ်နိုင်ဘူး..။ ငါရည်ရွယ်တဲ့သူရဲ့ စံသတ်မှတ်နှုန်းမှာ သူ့ လိုလူမပါဘူး...။ ငါသူ့ ကို မချစ်ပါဘူး...။ ဟုတ်တယ်.. သေချာတယ်။ ငါသူ့ ကိုမချစ်ဘူး။

ဒါဆို ငါက ဘာဖြစ်လို့ သူ့ အကြောင်းဘဲ စဉ်းစားနေရလဲ?...
ဟင်း.... သတိရလို့နေမှာပေါ့.. ငါ့ကိုယ်ငါမသိဘူး..။ လူတယောက်ကို သတိရခြင်း.. မရခြင်းဟာ လုပ်ယူလို့မရဘူး...။ ဒါပေမယ့် သတိရတိုင်းလည်း အချစ်လို့သတ်မှတ်ရင် ခက်ကုန်မှာပေါ့...။



ဒါပေမယ့် ၀န်ခံပါရစေ...
ငါ.. သူ့ ကို အရမ်းသတိရတယ်..။ လွမ်းတယ်..။ အချစ်ဆိုတာ နားမလည်ပေမယ့်.. တခါတလေ သူ့ ကို အရမ်းချစ်တယ်လို့ ပြောချင်တယ်...။ သူ့ ကြောင့် ငါ့ရင်ထဲမှာ တခုခုတော့ ခံစားနေရတယ်..။ အသေချာဆုံးတခုက သူ့ အကြောင်းစဉ်းစားတိုင်း ငါ ရင်ခုန်ရတယ်..။ တခါတလေ သူ့ အကြောင်းစဉ်းစားရတာကို ငါ အရမ်းပျော်တယ်..

ဟာ.... မိုးက ချက်ချင်း မှောင်ကျလာလိုက်တာ..။ မိုးရွာတဲ့အချိန် သူနဲ့ စကားပြောရရင် အရမ်းကောင်းမှာဘဲ...။ ဟာ... သူ့ အကြောင်းကလည်း လာပြန်ပြီ... မစဉ်းစားချင်ဘူးဆို။ နေဦး... အ၀တ်တွေလှန်းထားတယ်.. ဒုက္ခပါဘဲ.. မိုးရေစိုကုန်မှဖြင့်.. မြန်မြန်သွားသိမ်းမှ......။ အော်.. နောက်မှဘဲ သူ့ အကြောင်းစဉ်းစားမယ်နော်.. အခုလောလောဆယ်.. တခြားအရေးကြီးကိစ္စရှိလို့....။

0 comments:

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP