Yes ဖြစ်မလား.. No ဖြစ်မလား..

>> Saturday, March 8, 2008

လူထုဆန္နကောက်ယူပွဲကြီး
ဒီစကားလုံးတစုရဲ့ အဓိပ္ပာယ်ကို တချို့ လည်း သိကြမှာပါ.. တချို့ လည်း ကြားဖူးရုံ ကြားဖူးပြီး နားမလည်သူများ ရှိကြမှာပါ.. တချို့ ဆို ဘာမှန်းတောင် မသိသူများလည်း ရှိမှာပါ...

လူထုဆန္နကောက်ယူပွဲရဲ့ သင်္ကေတက အကြမ်းဖျင်းပြောရရင် ဒီမိုကရေစီရဲ့ အနှစ်သာရတခုပါပဲ.. ဒါပေမယ့် သူ့ မှာ အဆင့်အများကြီးရှိပါတယ်.. မသိသေးတဲ့ စာဖတ်သူတွေ နည်းနည်းအချိတ်အဆက်မိအောင် သိသလောက် ပြောပြပါရစေ.. ရှည်ရှည်ဝေးဝေးတော့ ပြောမနေတော့ပါဘူး..

မြန်မာနိုင်ငံမှာ အမျိုးသားညီလာခံကြီး ကျင်းပခဲ့တာ လူတိုင်းလိုလို သိကြမှာပါ.. နအဖကနေပြီး ဒီမိုကရေစီကို ဗန်းပြပြီး ပြည်သူတွေကို တဖက်လှည့်နဲ့ လက်တလုံးခြားလုပ်သွားတဲ့ ညီလာခံဆိုတာ ဒီနေရာမှာ မိမိ ရဲရဲကြီး အပြုသဘောဆောင် အသိပေးပါတယ်.. ဘာအထောက်အထားနဲ့ ပြောသလဲလို့ မသိသူတွေ.. မသိချင်ယောင်ဆောင်သူတွေ မေးနိုင်ပါတယ်.. တခါ တိုတိုတုတ်တုတ် ထပ်ရှင်းပေးပါမယ်..

အမျိုးသားညီလာခံမှာ တက်ရောက်ရမယ့် ကိုယ်စားလှယ်တွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်အရဆိုရင် ပြည်သူတွေရဲ့ သဘောဆန္နအစစ်အမှန်အတိုင်း ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ရပါမယ်.. နအဖကနေ ကြိုက်နှစ်သက်သူ လက်ညိုးထိုး ကောက်ရွေးထားတဲ့ ကိုယ်စားလှယ်မဟုတ်ပါဘူး.. ဒီမိုကရေစီဆိုတာ ပြည်သူကို ကိုယ်စားပြုစနစ်ပါ.. နအဖ ဒါမှမဟုတ် စစ်တပ်..ကိုယ်စားပြုမဟုတ်ပါ.. နအဖကိုယ်စားလှယ်တွေ.. နအဖစေလိုရာ... နအဖ လိုအပ်သည်များကို လိုက်ပါဆောင်ရွက်သူများဦးဆောင်ပြုလုပ်ကျင်းပသော အမျိုးသားညီလာခံဟာ ပြည်သူတွေကို ကိုယ်စားပြုတဲ့.. စစ်မှန်တဲ့ ဒီမိုကရေစီလမ်းစဉ်အရသွားတဲ့ ညီလာခံမဟုတ်တဲ့အတွက် အတုအယောင် နအဖညီလာခံသာဖြစ်တဲ့အတွက်ကြောင့် အတုအယောင် လက်တလုံးခြား ပြည်သူတွေကို မျက်လှည့်ကစားပြသွားတဲ့ ပြကွက်တခုသာဖြစ်တယ်လို့ မိမိ ဆိုလိုခြင်းသာ ဖြစ်ပါတယ်.




ဒီလိုဆိုတော့ အပေါ်က အဆက်ကို ပြန်ကောက်ပြောကြည့်ရအောင်.. အခု အဲဒီနအဖညီလာခံကနေ နအဖ ကိုယ်စားလှယ်တွေက စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုဖို့အတွက် (နိုင်ငံတကာကို ဒီမိုကရေစီစနစ်လို့ အသံကောင်းအော်ထားတော့) ပြည်သူ့တွေရဲ့ လက်ခံမဲရအောင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတယ်ဆိုတဲ့ မဲရအောင်.. ပြုလုပ်တဲ့ လူထုဆန္နခံယူပွဲကြီးကို ဆိုလိုတာပါ..

ဒီနေရာမှာ မြန်မာနိုင်ငံ ပြည်သူပြည်သားအားလုံးမှာ... ဆင်တကောင်လုံးမြင်ပြီးဆိုတော့ ဆင်ခြေထောက် ဘယ်လောက်ကြမ်းလဲဆိုတာ သိဖို့ အလွန်အရေးကြီးနေပါပြီ.. ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတနိုင်ငံရဲ့ အသက်သွေးကြောပါ.. ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတနိုင်ငံမှာရှိတဲ့ နိုင်ငံသားအားလုံးရဲ့ ဘ၀နဲ့ဆိုင်တဲ့အတွက် ပြည်သူတွေရဲ့ သဘောဆန္နဟာ ပထမဆုံး အရေးကြီးဆုံးပါ..

ဒီလောက် ပြည်သူတိုင်းနဲ့ သက်ဆိုင်တဲ့ ဖွဲ့စည်းပုံကို ပြည့်သူ့ဆန္နမပါတဲ့ ကိုယ်စားလှယ်တွေနဲ့ စိတ်ကြိုက်လုပ်ထားတဲ့အတွက် မိမိတို့ပြည်သူတွေရဲ့အကျိုးကို ဘယ်လောက် အာမခံနိုင်မလဲ.. ဒါမှမဟုတ် နအဖတွေအနေနဲ့ မိမိတို့ပြည်သူတွေရဲ့အကျိုးကို တန်ဖိုးထားမထားကို လုံးဝ ရှင်းရှင်းလင်းလင်း တွေ့ မြင်နိုင်ပါတယ်..

ကဲ.. ဘယ်လိုဘဲဖြစ်ဖြစ်မကြာတော့တဲ့ မေလမှာ လူထုဆန္နကောက်ယူပွဲကြီး လာပါတော့မယ်..

စာဖတ်သူတွေအနေနဲ့.. ဘယ်လိုထင်ပါသလဲ... လူထုက အဲဒီ ဆန္နခံယူပွဲအပေါ် Yes အဖြေနဲ့ ကြိုဆိုမလား.. No အဖြေနဲ့ ကန့်ကွက်မလား..

အချို့ အမြင်ကတော့ - အခြေအနေအရ နအဖကတော့ နှာတဖျားသာတယ်... နအဖဟာ ယုတ်မာမှန်းသိပေမယ့်. ပြည်သူအတော်များများဟာ အကြောက်တရားဖုံးလွမ်းနေကြတယ်.. နောက်.. နအဖ လက်သပ်မွေးထားတဲ့ ကြံ့ဖွတ်နဲ့ လူသတ်သမားပေါက်စလေး စွမ်းအားရှင်တွေရဲ့ အရေအတွက်လည်း များတယ်.. ဒီဆန္နခံယူပွဲနဲ့ပတ်သက်ပြီး လူထုကို ပညာပေးစည်းရုံးဖို့ဆိုတာ ချက်ချင်းကြီး မအောင်မြင်နိုင်ဘူး.. နအဖရဲ့ ပိုဆိုးဝါးလာတဲ့ သတင်းပိတ်ပင်မှုတွေကြောင့် အခြေခံလူထု ရာခိုင်နှုန်းအတော်များများဟာ အခုနောက်ပိုင်းမှာ နိုင်ငံရေးအသိအမြင် အားနည်းနေတယ်... နောက်- ကိုယ်က ဘယ်လောက်ဘဲ ဆန့်ကျင် ဆန့်ကျင် နောက်ဆုံး သူတို့ဘဲ အနိုင်ရ.. ဆန့်ကျင်တဲ့သူတွေဘဲ ထောင်ထဲရောက်.. စတဲ့ထင်မြင်ချက်.. သုံးသပ်ချက်တွေကြောင့် လူထုအများစုက No ဖြေချင်သည့်တိုင်အောင် Yes.. ဖြေဖို့များတယ်.. ဒီတခါလည်း နအဖပဲ လိမ်လည်အနိုင်ယူဦးမှာပဲပေါ့... စသည်ဖြင့်...

တချို့ ကလည်း- လူထုဟာ ဦးနှောက်မရှိတဲ့သူတွေမဟုတ်ဘူး... မတက်သာလို့သာ ငြိမ်ခံနေတယ်လို့ ထင်ရတာ.. ဟော.. စက်တင်ဘာတုန်းက ဖြစ်ပွားခဲ့တဲ့ သံဃာ.. နောက် လူထုတွေရဲ့ သတ္တိရှိမှုတွေ.. စွန့်လွှတ်မှုတွေ... ဒီနောက်ဆက်တွဲ လူထုတွေရဲ့ နအဖရဲ့ ဘာသားရေးကို စော်ကားမှုအပေါ် ခံပြင်းမှုကြီးထွားလာမှုတွေ.. နောက်.. ၇၄ အတွေ့အကြုံအရ ဘယ်လောက်ဘဲ နအဖဘက်တော်သားတွေ များတယ်လို့ထင်ထင် နောက်ဆုံး ဆန္နမဲပေးတော့ စစ်တပ်က စစ်သားတွေပါမကျန် ကန့်ကွက်မဲပေးကြတဲ့ ဥပမာအရ.. အခု လာမယ့်ဆန္နခံယူပွဲမှာလည်း ဘယ်လောက်ဘဲ နအဖသာသနာဖျက်တွေ ကြံဖွတ်တွေ.. စွမ်းအားရှင်တွေကို ငွေနဲ့မျှားပြီး ဘယ်လောက်ဘဲစည်းရုံးထား.. ဘာသာတရားကို အလေးထားတဲ့ မြန်မာနိုင်ငံသားတွေက ငအတွေမှမဟုတ်ပဲ... No! ဆန္နမဲပေးကြမှာပဲ... ဒီတခါတော့ နိုင်ငံတကာကို အရင်တုန်းက မဲအမည်းကနေ အဖြူလုပ်ရဲ့လောက်တဲ့ မျက်နှာပြောင်တိုက်မှုတော့ မဖြစ်လောက်ဘူး.. ဖြစ်ခဲ့မယ်ဆိုရင်လည်း နိုင်ငံတကာ တရားခုံရုံးတို့.. လုံခြုံရေးကောင်စီတို့လည်း အဲဒီလောက်ထိ တုံးမှာမဟုတ်ဘူး... သူတို့တွေ အဲဒီလောက် နေစိမ့်နေမယ်ဆိုရင်လည်း မြန်မာပြည်သူတွေဟာ ငကြောင်တွေမဟုတ်ဘူး... စသည့်ဖြင့်..

အမြင်တွေက အမျိုးမျိုးပေါ့....

စာဖတ်သူရော... ဘယ်လိုထင်လဲ.. မိမိအနေနဲ့ရော.. ဘာလုပ်သင်တယ်လို့ထင်လဲ.. Yes? ဒါမှမဟုတ် No! လား..

မဲမထည့်ခင် ဒါလေးတော့ နည်းနည်းစဉ်းစားပြီး ကြည့်ပေးပါ..

စစ်အာဏာရှင်တို့မည်သည် ၄င်းတို့အာဏာတည်မြဲရေးအတွက် ဘယ်သောအခါမှ ပြည်သူအတွက်ဆိုပြီး မကြည့်ပါ.. မိမိလက်လှမ်းမီသလောက် စစ်တပ်လက်အောက် မိမိနိုင်ငံအခြေအနေကို ပြန်စဉ်းစားလိုက်ပါ..
ကြောက်ပါ... မတရားမှုကို ကျူးလွန်ဖို့အတွက်...
စွန့်လွတ်ပါ.. သတ္တိရှိပါ.. အမှန်တရားအတွက်... နောက်.. မိမိတို့ရဲ့ မျိုးဆက်သစ်အတွက်... နောက်. မိမိတို့နိုင်ငံအတွက်....
တော်လှန်ရေးတို့မည်သည်မှာ အရှုံးနဲ့ အချိန်ကြာရှည်မှုဟာ အဓိကမဟုတ်ပါဘူး... ဒါပေမယ့် အောင်မြင်ရေးအတွက် တိုက်ပွဲဝင်နေဖို့သာ အရေးကြီးတာပါ.. ...

စာလေးဖတ်ပြီးရင်လည်း မဲအဖြေအတွက် ဆုံးဖြတ်ချက် မချပါနဲ့ဦး.. အောက်မှ ဖော်ပြထားတဲ့ ဓါတ်ပုံလေးတွေကြည့်ပြီးမှ မိမိတို့ ဘာလုပ်သင့်သလဲဆိုတာကိုလည်း အမြင်ကျယ်.. အမှန်မြင်ပြီး ရဲရဲဝင့်ဝင့် ဆုံးဖြတ်ပြီး ဆန္နမဲ Yes လား.. No လားဆိုတာ ရွေးချယ်ပါ...





အသက်ကြီးနေပြီ... ငါ့အတွက်လည်း ဘာမှမထူးတော့ဘူး.. ဒါမှမဟုတ် ဒီလိုနေတာ ကြာခဲ့ပြီပဲ.. ငါခံနိုင်ရည်ရှိတယ်.. အရည်ခွံထူနေပြီလို့ စဉ်းစားမိခဲ့မယ်ဆိုရင် မိမိရဲ့ မျိုးဆက်သစ်လေးတွေရဲ့ အနာဂါတ်ကိုတော့ မိမိတတ်နိုင်တဲ့ဖက်က တဖက်တလမ်း ဖန်တီးပေးခဲ့ပါ.. ဆန္နမဲတခုဟာ နိုင်ငံတခုလုံးကို ပြောင်းလဲနိုင်ပြီး.. ဘ၀ပေါင်းများစွာကို ပြောင်းလဲနိုင်ပါတယ်..
မိမိဟာ ဆိုးဝါးဆင်းရဲလှတဲ့ ဘ၀.. မငြိမ်းချမ်းတဲ့ တိုင်းပြည်မှာနေခဲ့ရပေမယ့် မိမိရဲ့မျိုးဆက်သစ်လေးအတွက်တော့ ငြိမ်းချမ်းတဲ့ဘ၀လေးတွေ ဖန်းတီးပေးခဲ့ပါ..


0 comments:

About This Blog

Lorem Ipsum

  © Free Blogger Templates Wild Birds by Ourblogtemplates.com 2008

Back to TOP